ဘ၀ဟာ လွမ်းစရာတွေများတယ်.........
မှုန်ဝါးဝါး နဲ့ အတိတ်ကို လွမ်းတယ်
အမေ့အိမ်ကိုလွမ်းတယ်
သူငယ်ချင်းတွေကို လွမ်းတယ်
ဆွတ်ပျံ့ကြည်နူးဖွယ်အချိန်တွေကို လွမ်းတယ်
သံစဉ် နဲ့ လှပနေတဲ့ စမ်းချောင်းလေးကို လွမ်းတယ်
လွတ်သွားတဲ့ ရထားကို လွမ်းတယ်
.........
ဟုတ်ပါတယ် ကျနော်ဟာ အလွမ်းနာကျနေတဲ့ အိမ်အို တစ်လုံးပါ