Thursday, October 21, 2010

စာသင်ခန်း


စကားလုံးတွေ

ကြားနေရတယ်။


ဒီစကားလုံးတွေရဲ့ အဓိပ္ပာယ်က

ဘာတွေပါလိမ့်။


စကားလုံးတွေက

တစ်ခုနဲ့တစ်ခု ဘယ်လို ပေါက်ကွဲကြသလဲ။


လူတွေက

စကားလုံးတွေကို

အဓိပ္ပာယ်

ဖော်နေကြတာလား။


စကားလုံးတွေကပဲ

လူတွေကို

အဓိပ္ပာယ်ရှိစေတာလား။


ဒါမှမဟုတ်

စကားလုံးတွေက

လူတွေကို

မောင်းနှင်နေကြတာလား။


သေချာတာကတော့

တို့တွေဟာ

ဒီစကားလုံးတွေကြောင့်ပဲ

ဒီနေရာကိုရောက်လာကြတယ်။

No comments:

Post a Comment