အမှိုက်ကြောင့်
ပဋိပက္ခဖြစ်ခြင်း
ဒီလို အမှိုက်ပုံ နဲ့ မကြုံတွေ့ရလို့ အမှိုက်ရဲ့ ဆိုးကျိုးကို
ထိထိရောက်ရောက် မခံစားရတဲ့ အသိုင်းအ၀ိုင်းကို အမှိုက်ပုံမှာ နေထိုင်ရသူတွေရဲ့ဆိုးကျိုးကို
စာနာနိုင်ဖို့ လုပ်ဆောင်မှုတချို့ ပေါ်ထွက်လာခဲ့တယ်။ ဒီလိုလုပ်ဆောင်တဲ့ အုပ်စုတွေထဲက
အဓိက လူစု (၂) စု ပါဝင်ခဲ့ပါတယ်။ တစ်ဖွဲ့က မြူနီစီပယ် အမှိုက်ကျုံး အလုပ်သမားတွေ ဖြစ်ပြီး
ကျန်တဲ့ အဖွဲ့ကတော့ အမှိုက်ပုံဘေးနားမှာနေပြီး အမှိုက်ရဲ့ ဆိုးကျိုးကို ခံစားနေရတဲ့
သူတွေပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေက အမှိုက် နဲ့ ပတ်သတ်တဲ့ ဆန္ဒပြမှု အကျပ်အတည်းတွေ
ဖြစ်ခဲ့ပြီး အမှိုက်ကျုံးအလုပ်ကို လုပ်ကိုင်ကြသူတွေက လုပ်ခခံစားခွင့် နဲ့ အလုပ်အကိုင်
တည်မြဲရေးတို့အတွက် တောင်းဆိုခဲ့တယ်။
၁၉၈၆ ခုနှစ်မှာ ဖိလယ်ဒဲဖိယား၊ ၂၀၀၆ ခုနှစ်မှာ နူးယော့ခ်မြို့တော်၊
၂၀၀၂ ခုနှစ်မှာ တိုရန်တို နဲ့ အွန်တေရီယို၊ ၂၀၀၃ ခုနှစ်မှာ ရှေကာဂို၊ ၂၀၀၇ ခုနှစ်မှာဆို ဗန်ကူးဗား၊ ၂၀၀၆ ခုနှစ်မှာ ဂရိက
အေသင်၊ ၂၀၀၇ ခုနှစ်မှာ စပိန်က အလမ်နီးကား စတဲ့ မြို့တွေမှာ အမှိုက်နဲ့ ပတ်သတ်တဲ့ ဆန္ဒပြအရေးဆိုမှုတွေ
ဖြစ်ခဲ့တယ်။ ဒီလို လှုပ်ရှားမှုတွေရဲ့ နောက်ကွယ်က အခြေအနေတွေ နဲ့ ကြာမြင့်ချိန်တွေဟာ
အမျိုးမျိုးပါပဲ။ (တချို့အဖြစ်အပျက်တွေမှာ တစ်ရက် နှစ်ရက်ပဲ ကြာပေမယ့် တချို့ အဖြစ်အပျက်တွေကတော့
လပေါင်းများစွာကြာတဲ့ အထိ ဖြစ်ပျက်ခဲ့ကြပါတယ်။) ဒါပေမယ့် ဒီအဖြစ်အပျက်တွေရဲ့ ဘုံတူညီမှုကတော့
အမှိုက်ကို နိုင်ငံရေး အသုံးချပစ္စည်း ( Political Tool) အဖြစ် သုံးခဲ့ကြတာပဲ ဖြစ်ပါတယ်။
အဖြစ်အပျက်တိုင်းမှာ မြူနီစီပယ် အာဏာပိုင်တွေ၊ အမှိုက်သယ်တဲ့ ကုမ္ပဏီတွေ၊ ဥပဒေပြုတွေဟာ
သူတို့ အလုပ်သမားတွေ၊ အလုပ်သမားကိုယ်စားလှယ်တွေ နဲ့ မဖြစ်မနေ ဆွေးနွေးခဲ့ရတယ်။ ဘာဖြစ်လို့လဲ
ဆိုတော့ ဒေါသထွက်နေတဲ့ဒေသနေ ပြည်သူတွေရဲ့ မြင်ကွင်းကနေ အမှိုက်တွေကို မြန်မြန် ပျောက်ကွယ်သွားစေချင်လို့ပဲ
ဖြစ်ပါတယ်။
ဒီလို အမှိုက်ကို နိုင်ငံရေးအသုံးချ ပစ္စည်း အဖြစ် လုပ်ခဲ့တဲ့
အဖြစ်အပျက်တွေထဲမှာ အမှိုက်ပုံမယ့် လမ်းကြောင်းကို ပိတ်ထားလို့ အမှိုက်တွေ မကျုံးနိုင်ဘဲ
မြို့ပြနေရာတွေမှာ အမှိုက်တွေကို စုပုံစေတာပဲ ဖြစ်ပါတယ်။ ဒီလို အဖြစ်အပျက်ကတော့ မက္ကဆီကိုက
အောက်ဆာကာ မှာ ဖြစ်ခဲ့ပါတယ်။ ၂၀၀၀ ခု အစောပိုင်းနှစ်တွေတုန်းက တမြို့လုံးနီးပါးက အမှိုက်စုပုံတဲ့
နေရာနားမှာ ကျူးကျော်နေထိုင်ကြတဲ့ သူတွေက မြူနီစီပယ်က အမှိုက်မပုံနိုင်အောင် အမှိုက်ကားတွေကို
လမ်းပိတ်ထားခဲ့ကြတယ်။ ဒီလို လမ်းပိတ်ဆို့ထားတာတွေကို အမှိုက်ပစ်ဖို့ လာတဲ့ အကြိမ်တိုင်းမှာ
လုပ်ခဲ့ကြတယ်။ ဒါကြောင့် မြူနီစပယ် အရာရှိတွေက အမှိုက်သိမ်းတာကို ရွှေ့ဆိုင်းထားပြီး
အမှိုက်တွေကို လမ်းပေါ်မှာ စွန့်ပစ်မယ့် အစား
အိမ်တွေမှာပဲ စုထားဖို့ မြို့နေလူထုကို ပြောခဲ့တယ်။ မြူနီစပယ်ရဲ့ အလုပ်က မြို့ကို
သန့်ရှင်းရမယ်လို့ ယူဆကြတဲ့ လူထုက မြူနီစီပယ်ရဲ့ ပြောဆိုမှုကို အလေးမထားခဲ့ကြဘူး။ အမှိုက်တန်ရာပေါင်းများစွာကို
ပန်းခြေတွေမှာ၊ လမ်းထောင့်တွေ နဲ့ ဈေးအနီးအနားဝန်းကျင်တွေမှာ စွန့်ပစ်ခဲ့ကြတယ်။
ဒီမြို့မှာ နေထိုင်သူတွေဟာ အမှိုက်တွေကို မြင်တွေ့ရပြီး
အနံ့အသက်ဆိုးတွေ ရတော့ စိတ်အနှောင့် အယှက်ဖြစ်ကြရတယ်။ အမှိုက်တွေက ကြွက်တွေကို ဆွဲဆောင်တယ်။
နောက် အင်းဆက်ပိုးမွှားတွေ၊ ခွေးလေ ခွေးလွင့်တွေ ရောက်လာကြတယ်။ ဒီအတွေ့အကြုံတွေက ခရီးသွားလုပ်ငန်းကို
အဓိက မှီခိုနေရတဲ့ သူတို့ မြို့ကို ခရီးသွားတွေရဲ့ အထင်သေးမှုကို ဖြစ်စေတယ်။ ဒါ့ကြောင့်
မြူနီစီပယ် အာဏာပိုင်တွေဟာ ဒီအမှိုက်တွေကို စွန့်ပစ်ဖို့ အတွက် အမှိုက်ပစ်လမ်းကို ပိတ်ဆို့ထားတဲ့
ဆန္ဒပြသူတွေကို မဖြစ်မနေညှိုနှိုင်းရတော့တယ်။ အမှိုက်ပတ်ဝန်းကျင်နေထိုင်ကြသူတွေက အမှိုက်စွန့်ပစ်စီမံခန့်ခွဲတာနဲ့
ပတ်သတ်လို့ အဓိကထား ညှိုနှိုင်းကြပါတယ်။ ဒါပေမယ့် မြူနီစီပယ်အာဏာပိုင်တွေက အမှိုက်ပုံဝန်းကျင်မှာ
မီးကာကွယ်မှု သေချာမပြုနိုင်တာရယ်၊ အမှိုက်ပမာဏစွန့်ပစ်စုပုံနိုင်တာထက် များပြားလွန်းတာရယ်
ကြောင့် အမှိုက်ပုံဝန်းကျင်က လူတွေ ကျေနပ်အောင် လျှပ်စစ်သွယ်ပေးရတယ်။ ဆေးခန်း နဲ့ စုဝေးခန်းမတွေပါ
ဆောက်လုပ်ပေးဖို့ သဘောတူရပါတယ်။ ဒီလိုနဲ့ပဲ အနှိမ်ခံ အကျဉ်ခံ အသိုင်းအ၀ိုင်းဟာ သူတို့
ရဲ့ မြို့ပြဆိုင်ရာ အခွင့်အရေးတွေ ရရှိအောင် အမှိုက်ကို အသုံးချခဲ့ကြတယ်။
မြူနီစီပယ် အလုပ်သမားတွေပဲ ဖြစ်ဖြစ်၊ အမှိုက်ပုံဝန်းကျင်က အသိုင်းအ၀ိုင်းကပဲ ဖြစ်ဖြစ် အမှိုက်ကို နိုင်ငံရေး အသုံးချခံပစ္စည်း အဖြစ် သုံးတဲ့နေရာမှာ အမှိုက်ရဲ့ ဆိုးရွားတဲ့ အနံ့အသက် နဲ့ ရောဂါပိုးမွှားတွေ ဖြစ်စေတယ်ဆိုတဲ့ အချက်ကို ကိုင်စွဲကြပါတယ်။ ဒါ့ကြောင့် ဖွံ့ဖြိုးပြီး နိုင်ငံတွေရဲ့ ပြည်သူတွေဟာ အမှိုက်ကို မြင်ကွင်းမှာ မမြင်မတွေ့လို ကြပါဘူး။ အမှိုက်ဟာ သူတို့ မျက်ကွယ်မှာပဲ ရှိနေရမယ်လို့ စိတ်ထဲမှာ စွဲနေကြပါတယ်။ ဒီလိုမှ မဟုတ်ဘဲ အမှိုက်ဟာ မမျှော်လင့်ဘဲ သူတို့ ရှေ့မှောက်မှာ ရှိနေမယ်ဆိုရင် သူတို့ရဲ့ အမှိုက်အများကြီးစွန့်ပစ်နေတဲ့ စားသုံးမှုပုံစံကို သတိပေးနေသလို ဖြစ်နေပါတယ်။
မြူနီစီပယ် အလုပ်သမားတွေပဲ ဖြစ်ဖြစ်၊ အမှိုက်ပုံဝန်းကျင်က အသိုင်းအ၀ိုင်းကပဲ ဖြစ်ဖြစ် အမှိုက်ကို နိုင်ငံရေး အသုံးချခံပစ္စည်း အဖြစ် သုံးတဲ့နေရာမှာ အမှိုက်ရဲ့ ဆိုးရွားတဲ့ အနံ့အသက် နဲ့ ရောဂါပိုးမွှားတွေ ဖြစ်စေတယ်ဆိုတဲ့ အချက်ကို ကိုင်စွဲကြပါတယ်။ ဒါ့ကြောင့် ဖွံ့ဖြိုးပြီး နိုင်ငံတွေရဲ့ ပြည်သူတွေဟာ အမှိုက်ကို မြင်ကွင်းမှာ မမြင်မတွေ့လို ကြပါဘူး။ အမှိုက်ဟာ သူတို့ မျက်ကွယ်မှာပဲ ရှိနေရမယ်လို့ စိတ်ထဲမှာ စွဲနေကြပါတယ်။ ဒီလိုမှ မဟုတ်ဘဲ အမှိုက်ဟာ မမျှော်လင့်ဘဲ သူတို့ ရှေ့မှောက်မှာ ရှိနေမယ်ဆိုရင် သူတို့ရဲ့ အမှိုက်အများကြီးစွန့်ပစ်နေတဲ့ စားသုံးမှုပုံစံကို သတိပေးနေသလို ဖြစ်နေပါတယ်။
အန္တရာယ် ဖြစ်စေနိုင်တဲ့ အမှိုက်နဲ့ ရိုးရိုးအမှိုက်တွေကို
အဓိပ္ပာယ်ဖွင့်ဆိုမှုဟာ နေရာအခြေအနေအမျိုးမျိုးပေါ်မူတည်နေပါတယ်။ ဒါပေမယ့် အမှိုက်ကို
ဘယ်နေရာမှ စွန့်ပစ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သတ်လို့ကတော့ မေးခွန်းထုတ်စရာပါ။ နိုင်ငံတကာ
အမှိုက် နဲ့ ဆိုင်တဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းခြင်းရာတွေမှာ နိုင်ငံတစ်နိုင်ငံရဲ့
သြဇာ၊ စီးပွားရေး ဆက်နွယ်မှုတွေဟာ အရေးပါတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒါတွေဟာ အရေးပါတယ်ဆိုတာကို
အိုင်ဗရီကို့စ်က အမှိုက်မှု ကိစ္စရယ် ၊ ဆိုမာလီပင်လယ်ဓါးပြတွေရဲ့ အဖြစ်အပျက်တွေက သက်သေခံနေပါတယ်။
တခြားတစ်ဘက်မှာလည်း မြူနီစီပယ် အလုပ်သမားတွေ နဲ့ အမှိုက်တောနားက လူတွေဟာ အမှိုက်ကို
အသုံးချပြီး သူတို့ရဲ့သြဇာကို တိုးမြှင့်အောင်၊ သူတို့ရဲ့ ၀င်ငွေကို တိုးတက်အောင်လုပ်ဆောင်ကြတယ်။ဒါ့ကြောင့်
အမှိုက်စီမံခန့်ခွဲမှုဟာ နည်းပညာ တစ်ခုတည်းနဲ့ ဆိုင်တာ မဟုတ်ဘဲ တခြား ကျယ်ပြန့်တဲ့
လူမှုအကြောင်းအရာတွေနဲ့ပါ သက်ဆိုင်တယ်ဆိုတာ ထင်ရှားပါတယ်။
Source: Sarah A. Moore (2011) Global garbage: waste, trash trading, and local garbage politics
Source: Sarah A. Moore (2011) Global garbage: waste, trash trading, and local garbage politics