Saturday, February 18, 2012

သားသား နှင့် မူကြို အကြို ဆရာမများ


သားသားက ခုမှ (၂) နှစ်နဲ့ (၄)လ ထဲမှာပဲ ရှိပါသေးတယ်။ ဒါပေမယ့် သူ့အမေ နဲ့ သူ့အဒေါ်တွေက ကလေးကို စာတတ်စေ့ချင်တော့ ခုကတည်း သူငယ်တန်း ဖတ်စာအုပ်ဝယ်ပြီး စာသင်မယ် လုပ်ပါသတဲ့။ သားက သူ့အဒေါ်ကိုလည်း မေမေလို့ပဲ ခေါ်ပါတယ်။ သူ့ အမေကို မေမေ အိအိ လို့ ခေါ်ပြီး သူ့အဒေါ်ကိုတော့ မေမေ ပုံ့ပုံ့လို့ ခေါ်ပါတယ်။ သူက သူ့အမေနဲ့ သူ့အဒေါ်တွေကို မေမေ ရှေ့ကတပ်ပြီး နာမည်နဲ့ ခေါ်တော့ ကျနော့်ကိုလည်း ဖေဖေ့ ကျော်ဇင့်လို့ ခေါ်ပါတယ်။ (ဖေဖေလို့ပဲ မခေါ်ဘဲ ဖေဖေ့ ကျော်ဇင့် လို့ နှစ်ခုခွဲပြီးမှ ခေါ်ပါတယ်။ ထူးဆန်းပါပေ့ ဆြာတွတ်လို့ပဲ အော်လိုက်ချင်ပါတယ်။ :) ) သူ့ အဒေါ်မှာလည်း သားလေး တစ်ယောက်ရှိပါတယ်။ သူ့ထက်ငယ်လို့ သူက ညီညီခန့်ခန့်လို့ ခေါ်ပြီး အရမ်းချစ်ရှာပါတယ်။ သူ့ အဒေါ်တွေက တခြားအိမ်တစ်အိမ်မှာနေပြီး ကျနော့် သားနဲ့ သူ့မေမေ အိအိ ကတော့ သူတို့ မိဘများအိမ်မှာနေပါတယ်။ သူ့ညီက သူတို့နေတဲ့ အိမ်ကနေ သားသားဆီကို နေ့ခင်းပိုင်းလာပြီး နေပါတယ်။ သူ့ညီက နံက်ပိုင်း အိမ်ကို စရောက်ပြီဆိုရင် နှစ်ယောက်သား ဖက်ပြီး အာဘွားပေးကြတယ်။ လက်ဝှေ့သမားတွေ မထိုးခင် နုတ်ဆက်သလိုပေါ့။ အဲ ခဏ တအောင့်လောက် ကြာပြီဆိုရင်တော့ ဦးသူချစတမ်းပဲ။
ဒီနေ့ နံက်တော့ သူ့အဒေါ် မေမေပုံ့ပုံ့က သူ့ကို စာစ သင်ပါသတဲ့။ သူ့ညီလေးကလည်း ဘေးနားလေးမှာ ဆော့နေတယ်တဲ့။

သူ့ မေမေပုံ့ပုံ့က အက်ပဲ ပန်းသီးဆို သူက အက်ပဲ ပန်းသီးပဲတဲ့။
အောရိန်း လိမ်မော်သီးဆို သူက အောရိန်း လိမ်မော်သီးတဲ့။
အက်ပဲ ပန်းသီး ဆို အပ်ပဲ ပန်းသီးတဲ့။ ပြီးတော့ ဘေးက သူ့ညီကို မေမေပြောနေတယ် ညီ ချားမားတဲ့။ သူ့ညီက ခေါင်းညိတ်တော့ မေမေ သွားဝယ် ညီချားမယ်။ သားသားချားမယ်တဲ့
အဲ့ဒါနဲ့ သူ့ အဒေါ်လည်းရယ်ပြီး ထွက်လာတယ်။ စာမသင်နိုင်တာ့ဘူး။ မအိကို ပြောပါသတဲ့။နင့်သားတော်တော်ဆိုးတယ်တဲ့ စာသင်တာကို အသီးစားမယ်လုပ်နေတယ်တဲ့။ အဲ့ဒါနဲ့ အသီးဝယ် ကြွေးလိုက်ရပါသတဲ့။
ပြီတော့ မေမေအိအိ ဆက်သင်ပါသတဲ့။ ပီယနို တယောဆိုတော့ တယော ဟုတ်ဘူး။ သားသားတီးတဲ့ ဂစ်တာတဲ့။ အမ်ဘရဲလား ထီးဆိုတော့ ထီး ထီး သားသားဆောင်းတာ မိုးရွာလို့သားသားဆောင်းတာတဲ့ ပြောပါသတဲ့။
အဲ့ဒါနဲ့ သူ့အမေက ကျနော့်ကို ဒီလိုပြောပြီး လက်လျှော့သွားပါတော့တယ်။
“ဘာမှ အကောင်းသင်မရဘူး သူက စာသင်တဲ့လူထက်တတ်နေတာလေ မင်းသာရှိရင် တအားရီမှာ ဘာတခုမှ ကောင်းကောင်းသင်မရဘူး သူကသာပဲ ရှေ့က ရှည်နေတာ ရီရတယ်။”
           ကျနော့်သား အဲ့လိုပညာပြလိုက်တာနဲ့ ဆရာမများလည်း စာကို ဆက်လက်မသင်ရဲတော့ဘဲ စာသင်ခြင်းကိုရပ်ဆိုင်းပါကြောင်း။

သူ့အမေကို အိပ်ခါနီး ကန်တော့နေပုံ ( အင်းလေး အမှတ်တရ)။


 
အင်းလေးက အိမ်ကလေးမှာ လျှောစီးနေတဲ့ ပုံပါ



No comments:

Post a Comment