ဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ်ထရာမတိုင်မီ ၀န်ကြီးချုပ်ဖြစ်ခဲ့တဲ့ အဘီဆစ်ဝိဇ္ဇာချီဝက
ထိုင်းအရှေ့ပိုင်း ကမ်းခြေဒေသက မတ်တာဖွတ် စက်မှုဇုံမှာ ပတ်ဝန်းကျင် နဲ့
လူထုကျန်းမာရေး ဆိုင်ရာ လှုပ်ရှားတက်ကြွသူတွေရဲ့ တုန့်ပြန်မှုကြောင့် “ထိုင်းစက်မှုလုပ်ငန်းတွေဟာ နိုင်ငံတွင်းမှာ အခြေစိုက်တည်ရှိဖို့ အဆင်မပြေတော့တာကြောင့် မြန်မာဘက်မှာ ရွှေ့ပြောင်းလုပ်ကိုင်ရပါမယ်” လို့ ၂၀၁၀ ခုနှစ်က ရုပ်မြင်သံကြားမှာ ၀န်ခံပြောကြားခဲ့ပါတယ်။
(
http://www.bangkokpost.com/opinion/opinion/316079/no-taxpayer-money-for-private-gains-in-dawei)
-----------------------------------------------------------
Bangkok Post - 5/10/2012 at 09:21 AM
ဒေါ်လာ ဘီလျံ(၅၀) တန်ဖိုးရှိတဲ့ ထားဝယ်စီမံကိန်းဟာ နှစ်နိုင်ငံ
ပူးပေါင်းလုပ်ကိုင်မှုကို တိုးတက်စေမှာဖြစ်ပြီး နောက်သုံးနှစ်အတွင်း
ထိုင်းလုပ်ငန်းကြီးတွေ မြန်မာမှာ ၀င်ရောက်လုပ်ကိုင်နိုင်ဖို့ အရေးကြီးတဲ့
အခန်း ကဏ္ဍကနေရှိနေပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးက
ပြောကြားလိုက်ပါတယ်။
 |
Pisanu Suvanajata, Thai ambassador to Myanmar
(Photo- Bangkok Post) |
ရေနက်ဆိပ်ကမ်း နဲ့ အထူးစီးပွားရေးဇုံ တည်ထောင်ဖို့
နှစ်နိုင်ငံစလုံးက သဘောတူညီထားပါတယ်လို့ ပီဆံနု ဆုဗန်နဂျတ (Pisanu
Suvanajata) က ထိုင်းနိုင်ငံကို အပြန်မှာ ပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။
ဒီစီမံကိန်းဟာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲရှေ့မတိုင်မီ
တိုင်းပြည်ကို ရှေ့ရောက်အောင် လုပ်ဆောင်ဖို့ မြန်မာ ခေါင်းဆောင်တွေရဲ့
အရေးကြီးတဲ့ ကတိက၀တ်တစ်ခုလည်း ဖြစ်ပါတယ်။
“ထားဝယ်ဟာ ထိုင်းနဲ့ မြန်မာအတွက်သာမကပါဘူး။ အာဆီယံအတွက်လည်း
အလွန်အရေးကြီးပါတယ်။ ဒီစီမံကိန်း ပြီးမြောက်သွားလျင် နှစ်နိုင်ငံလုံးက
ကုန်းမြေပေါင်းကူး(လမ်းကြောင်းကျုံ့)သွားမယ်။ ဥရောပကို ပို့မယ့်
ထိုင်းကုန်ပစ္စည်းတင်သင်္ဘောတွေဟာ
သုံးရက်အချိန်ကုန်သက်သာမယ်။ထောက်ပံ့ရေးလမ်းကြောင်းအနေနဲ့
ပိုမိုယှဉ်ပြိုင်နိုင်လာမယ်” လို့ သူကဆက်ပြောပါတယ်။
ဒီစီမံကိန်းဟာ သေချာပေါက်ကို အထောင်အထည်ဖော်မှာပါလို့ ကျွန်တော်
အာမခံရဲတယ်။ ဒါပေမယ့် သူ့ရဲ့ အရွယ်အစားအရ စီမံကိန်း ပြည့်စုံပြီးမြောက်ဖို့
အချိန်ကတော့ ယူရမယ်လို့ သူက ပြောပါတယ်။
ဈေးကွက်တန်ဖိုးအရ ထိုင်းရဲ့ အကြီးဆုံး ကန်ထရိုက်ဖြစ်တဲ့
အီတာလျံ-ထိုင်း ကုမ္ပဏီဟာ (၂၀၅) စတုရန်းကီလိုမီတာကျယ်ဝန်းတဲ့ စီမံကိန်း
ဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော်ဖို့ အခွင့်အရေးကို
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နဲ့ ၂၀၁၀ မှာ လုပ်ထားတဲ့ သဘောတူညီချက်အရ
ရထားပါတယ်။
ပထမအဆင့်မှာ အခြေခံ အဆောက်အဦတွေ ဖြစ်တဲ့ လမ်းနဲ့ ဆိပ်ကမ်းတွေ
ဖွံ့ဖြိုးအောင်လုပ်ဖို့ ဖြစ်ပြီး အမေရိကန်ဒေါ်လာ(၈.၅) ဘီလျံခန့်
မှာလိုအပ်မှာဖြစ်ပါတယ်။ နောက်အဆင့်တွေကတော့ ပေါင်းစပ်သံမဏိ စက်ရုံ၊
ရေနံချက်စက်ရုံစတဲ့ စက်မှုဆိုင်ရာ ပစ္စည်းတွေ တပ်ဆင်ဖို့ပါဝင်ပါတယ်။
ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ယင်လတ် နဲ့ သူ့ရဲ့
ဆွေးနွေးဘက်ဖြစ်တဲ့ မြန်မာ သမ္မတ ဦးသိန်းစိန်တို့ဟာ ပြီးခဲ့တဲ့ လက
နူးယောက်မှာ တွေ့ဆုံပြီး စီမံကိန်းကို နှစ်နှစ်နိုင်ငံ
ပူးပေါင်းလုပ်ဆောင်ဖို့နဲ့ အဆင့်သုံးဆင့် ပါဝင်တဲ့ ဆောင်ရွက်ချက်တွေ
အကောင်အထည်ဖော်လုပ်ဆောင်ဖို့ နားလည်မှုစာချွန်လွှာကို
လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ဝန်ကြီးချုပ် ယင်လတ်ဟာ နောက်လမှာ ထားဝယ်ကို သွားရောက်လည်ပတ်ဖို့
အစီအစဉ်ဆွဲထားပါတယ်။ နောက်ပြီး နှစ်နိုင်ငံခေါင်းဆောင်တွေဟာ လာအိုနိုင်ငံ
ဗီယန်ကျန်းမှာ မှာ ကျင်းပမယ့် အာရှ-ဥရောပ ဆွေးနွေးပွဲ နဲ့ ကမ္ဘောဒီးယားမှာ
ကျင်းပမယ့် အာဆီယံထိပ်သီး အစည်းအဝေးစတဲ့ တွေ့ဆုံပွဲတွေမှာ
ထပ်လောင်းတွေ့ဆုံဖို့ရှိပြီး နှစ်ဘက်စလုံးက ရှင်းလင်းတဲ့
ဖွံ့ဖြိုးရေးအစီအစဉ်တွေကို ကြေငြာကြဖို့ ရှိပါတယ်လို့ သူက ပြောပါတယ်။
ယင်လတ်ဦးဆောင်တဲ့ အစိုးရဟာ ထိုင်းပြည်သူတွေဆီက ရတဲ့
အခွန်ငွေတွေကို အီတာလျံ- ထိုင်းကုမ္ပဏီကို ကူညီဖို့ အသုံးချနေတယ်ဆိုတဲ့
ဝေဖန်မှုတွေကိုတော့ သူက ပယ်ချပါတယ်။
“ အစိုးရက ထိုင်းနိုင်ငံဘက်က လမ်းဖောက်ခြင်းစတဲ့ အခြေခံ
အဆောက်အဦတွေအတွက်ပဲ ရင်းနှီးမြှုပ်နှံမှာပါ။ မြန်မာဘက်က
ငွေကြေးအကူအညီလိုအပ်ခဲ့လျင်လည်း အတိုးနှုန်းသက်သာတဲ့ ချေးငွေ ဒါမှမဟုတ်
ငွေကြေးအကူအညီအချို့တ၀က်ပဲ ပေးမှာဖြစ်ပါတယ်”လို့ သံအမတ်ကြီးက ဆိုပါတယ်။
မြန်မာဟာ (၄၄) နှစ်တာ အတွင်း ပထမဆုံး အကြိမ် အဖြစ် (၂၇)
ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲကို လက်ခံကျင်းပဖို့ရှိပါတယ်။ ၂၀၁၄
မှာလည်း အသင်းဝင်နိုင်ငံတွေ နဲ့ ဆွေးနွေးဘက် နိုင်ငံ(၁၆) နိုင်ငံ
တက်ရောက်ဖို့ရှိတဲ့ အာဆီယံအစည်းအဝေးတွေမှာလည်း ဥက္ကဌအဖြစ်လုပ်ဆောင်မှာ
ဖြစ်ပါတယ်လို့ ပီဆံနုက ပြောပါတယ်။
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲပြီးရင် ဘယ်သူ အစိုးရ ဖြစ်လာမယ်ဆိုတာ
ဘယ်သူကမှ မသိနိုင်ပါဘူး။ ဒါပေမယ့် အဲ့အချိန်မှာတော့ ထိုင်း နဲ့ မြန်မာ
နှစ်နိုင်ငံဆက်ဆံမှုက တိုးတက်လာပြီး ထိုင်း နိုင်ငံအနေနဲ့ မြန်မာက
ဖွံ့ဖြိုးမှုတွေမှာအရေးပါတဲ့ ကဏ္ဍက ရှိနေမှာ ဖြစ်ပါတယ်လို့ သူက ဆက်ပြောပါတယ်။
သူက လက်ရှိအချိန်ဟာ ထိုင်းကုမ္ပဏီတွေ အနေနဲ့ မြန်မာမှာ အခြေချနိုင်ဖို့ အချိန်ကိုက် အခါကောင်းပါပဲလို့ ဆိုပါတယ်။
ကျနော်တို့လူတွေ မစောင့်နိုင်မှာကိုပဲ ကျနော်ကတော့
စိုးရိမ်မိတယ်။ နောက်သုံးနှစ်အတွင်းမှာ ကျနော်တို့ မြန်မာမှာ
ခြေမကုပ်နိုင်ဘူးဆိုရင် ခက်ခဲတဲ့ ပြိုင်ဆိုင်မှုတွေ ကြုံတွေ့ရနိုင်ပါတယ်။
အဲ့လိုမှ မလုပ်ရင်တော့ စိတ်ချရတဲ့ ဒေသခံ လုပ်ငန်းရှင်တွေနဲ့
ပူးပေါင်းလုပ်ဆောင်ဖို့ပဲ ရှိပါတယ်။
ရန်ကုန်မှာ ရှိတဲ့ ထိုင်းသံရုံးနဲ့ နူးယောက်အခြေစိုက်
ဒေးကာနက်ဂျီ တို့ဟာ မကြာခင်ကာလကပဲ မြန်မာအစိုးရအဆင့်မြင့်အရာရှိတွေကို
သင်တန်းတွေပေးဖို့ သဘောတူထားကြပါတယ်။ အယောက် (၃၀) ပါတဲ့ အဖွဲ့(၂) ဖွဲ့ဟာ
ဒီသင်တန်းတွေမှာ တက်ရောက်ခဲ့ကြပါတယ်။
မစ္စတာ ပီဆံနုက “ဒီသင်တန်းတွေက အိမ်နီးချင်း မြန်မာမှာ
စွမ်းဆောင်ရည်တွေတိုးတက်အောင်လုပ်ပေးဖို့ ထိုင်းရဲ့ မဟာဗျူဟာကို
အထောက်အပံ့ဖြစ်စေပါတယ်။ သင်တန်းတွေကိုလည်း အနာဂတ်မှာ ဆက်လက်ပြီး
လုပ်ဆောင်ပေးဖို့ရှိပါတယ်။”
(
http://www.bangkokpost.com/business/economics/317013/act-now-says-thai-ambassador)
---------------------------------------------------------------------------------------------------
THE NATION October 16, 2012 1:00 am
မော်တော်ယာဉ်စက်မှုလုပ်ငန်းတွေမှာ မြင့်မားလာတဲ့ လိုအပ်ချက်တွေ
ဖြည့်ဆည်းဖို့ ထိုင်းနိုင်ငံ Compact ကုမ္ပဏီ (Compact International (1994)
Co) ဟာ ဘတ်သန်း (၁၀၀) ရင်းနှီးမြှုပ်နှံမယ့် ဘရိတ်လိုင်နာ (Brake-linning)
စက်ရုံတစ်ခုကို မြန်မာနိုင်ငံ ထားဝယ်မှာ နှစ်နှစ်အတွင်းတည်ဆောက်ဖို့
စီစဉ်နေပါတယ်။
 |
Photo- https://www.facebook.com/CompactBrake?fref=ts |
ပထမဆုံးပိုင်း အနေနဲ့ မြန်မာနဲ့ တခြားဈေးကွက်တွေအတွက်
ဆိုင်ကယ်နဲ့ ကုန်တင်ကား ဘရိတ်လိုင်နာတွေကို ထုတ်လုပ်မှာ ဖြစ်ပါတယ်။
မြန်မာဟာ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ နဲ့ ပါကစ္စတန် နိုင်ငံတွေကို သွားဖို့
ဂိတ်ဝ တစ်ခုလည်း ဖြစ်လို့ပါ လို့ ကုမ္ပဏီဒါရိုက်တာက ပြောပါတယ်။
ဒီကုမ္ပဏီဟာ ၂၀၁၅ မှာ ဖြစ်ပေါ်လာမယ့် အာဆီယံဘုံဈေးကွက်ကိုလည်း
မျှော်မှန်းထားပြီး ပတ်ပတ်လည် ဒေသတွေကို ဈေးကွက် ချဲ့ထွင်ဖို့
မဟာဗျူဟာလည်း ချမှတ်ထားပါတယ်။
ကျနော်တို့ဟာ နောင် (၁၀) ဆို အာဆီယံဈေးကွက်မှာ ဦးဆောင်ဖို့
ရည်မှန်းထားပါတယ်။ ရှေ့လာမယ့် နှစ်ဆို ကျနော်တို့က မြန်မာနိုင်ငံ ထားဝယ်မှာ
စက်ရုံထောင်ပြီး အင်ဒိုနီးရှားက ကုမ္ပဏီတွေနဲ့ ပစ္စည်းဖြန့်ဝေဖို့
ဖက်စပ်လုပ်ဆောင်သွားမှာပါ။ အင်ဒိုမှာဆိုရင် ကျနော်တို့ကို အားပေးမယ့်
ကုမ္ပဏီပေါင်း (၅) သောင်းကျော်ရှိပါတယ်။
ကုမ္ပဏီက မလေးရှားဈေးကွက်ကိုလည့်း  ကျနော်တို့ ဘရိတ်လိုင်နာ
တံဆိပ်အမျိုးမျိုးနဲ့ ပိုမိုထိုးဖောက်နိုင်ဖို
လုပ်ဆောင်သွားမှာပါဖြစ်ပါတယ်။ အဲ့ဒီ့မှာ ကျနော်တို့ ပစ္စည်းတွေကို
မာကတ်တင်းလုပ်နေတာ တစ်နှစ်ရှိပါပြီ။
ရုရှ နဲ့ ဘရာဇီး နိုင်ငံတွေကိုလည်း ကုမ္ပဏီနဲ့
နိုင်ငံရပ်ခြားဈေးကွက် နိုင်ငံ (၃၀) ထဲကို ထပ်ပေါင်းပြီး နောက် (၃)
နှစ်ကနေ (၅) နှစ်အတွင်းမှာ ဈေးကွက်ချဲ့ထွင်မှာပါ။ အာဆီယံကိုတော့ ကုမ္ပဏီ
ဈေးကွက်ရဲ့ (၂၀) ရာခိုင်းနှုန်းထားပါတယ်။ ထိုင်းမှာတော့ နောက် (၅)
နှစ်အတွင်း ဈေးကွက်ရဲ့ (၁၅) ရာခိုင်နှုန်းမျှော်မှန်းထားပါတယ်။
Compact က ဘတ်ချန်ဘူရီမှာ ကားအပိုပစ္စည်းတွေအတွက် ဘတ်သန်း (၃၀၀)
ထပ်ပေါင်းရင်းနှီးမြှုပ်နှံထားပါတယ်။ ဘတ်ချန်ဘူရီ နဲ့ စမုတ်စခုံမှာ ရှိတဲ့
စက်ရုံနှစ်ရုံကနေ တစ်လကို ဘရိတ်လိုင်နာအစုံပေါင်း (၁) သိန်းခွဲ
ထုတ်လုပ်နေပါတယ်။
ဒီကုမ္ပဏီဟာ ပထမ (၉) လအတွင်းမှာ ဘတ်သန်းပေါင်း (၇၀၀) အခွန်ဆောင်ခဲ့ပါတယ်။ ထိုင်းရဲ့ ဈေးကွက်ဝေစုမှာ လက်ရှိ (၃၂) ရာခိုင်နှုန်းရရှိနေပါတယ်။
ကုမ္ပဏီအနေနဲ့ ဒီနှစ်မှာ ဒီအစားထိုးဈေးကွက်ကနေ အခွန် (၁၀) ကနေ
(၂၀) ရာခိုင်းနှုန်းတိုးပြီး အခွန် ဘတ် သန်း (၈၀၀) ဆောင်နိုင်လိမ့်မယ်လို့
မျှော်မှန်းပါတယ်။
ကုမ္ပဏီအနေနဲ့ ဈေးကွက်အမျိုးအစား (၂) မျိုးကို အဓိကထားပါတယ်။
တစ်ခုက ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေကို ဘရိတ်လိုင်နာတပ်ဆင်ဖို့ ရောင်းချပြီး
နောက်ဈေးကွက် တစ်မျိုးကတော့ ကားပြုပြင်တဲ့ စင်တာတွေမှာ
ပစ္စည်းလဲလည်တပ်ဆင်ဖို့ ရောင်းချမှာပဲ ဖြစ်ပါတယ်။
(
http://www.nationmultimedia.com/business/Compact-plans-Bt100m-brake-lining-plant-in-Dawei-30192381.html)
( အခွန်တွေရဲ့ လုပ်ထုံးလုပ်နည်းတွေကို မသိပါဘူး။ ဒါပေမယ့်
ဒီသတင်းအရ သူတို့ နိုင်ငံမှာ တစ်နှစ်ကို အခွန်ငွေက ဘတ်သန်း (၈၀၀)
လောက်တောင် ဆောင်နိုင်တယ်ဆိုတော့ ကျနော်တို့ ဆီကို လာပြီး
ရင်းနှီးမြှုပ်နှံလျင်လည်း ကျနော်တို့ နိုင်ငံအနေနဲ့ ထိုက်သင့်တဲ့
အခွန်တွေရမယ်လို့ မျှော်လင့်မိပါတယ်။)