အပိုင်း (၁)
THE NATION October 13, 2012 1:00 am
ဂျပန်လုပ်ငန်းရှင်တွေဟာ ထွန်းသစ်စ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတွေ တိုးချဲ့လုပ်ဆောင်ဖို့ရာ ထိုင်းနိုင်ငံကို ၀င်ပေါက်တစ်ခုအနေနဲ့ မျှော်မှန်းကြပြီး ထိုင်းနိုင်ငံရဲ့ထားဝယ်စီမံကိန်းနဲ့ နှစ်နိုင်ငံနယ်စပ်လမ်းပန်းဆက်သွယ်ရေး တိုးတက်အောင်လုပ်ဆောင်မှုတွေအတွက် ချီးကျူးလိုက်ပါတယ်။
ဂျပန်စီးပွားရေးလုပ်ငန်းရှင်တွေက မြန်မာမှာ
ရင်းနှီးမြှုပ်နှံမှုတွေကို သွက်သွက်လက်လက်လုပ်ဆောင်နိုင်ဖို့အတွက်
ထိုင်းလုပ်ငန်းရှင်တွေနဲု့ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ဖြစ်နေကြပြီလို့
မနေ့တုန်းက ထိုင်းကုန်သွယ်ရေးဝန်ကြီးနဲ့ တွေ့ဆုံပြီးတဲ့နောက်
ကန်ဆိုင်းစီးပွားရေးအဖွဲ့ချုပ်ရဲ့ နိုင်ငံတကာကော်မတီ ဒု-ဥက္ကဌ ဖြစ်တဲ့
မက်ဆုရှီတာ (Masayuki Matsushita) က ပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံက အနီးကပ်ပါဝင်ဆောင်ရွက်နေတဲ့ နယ်စပ်အနီးမှာ ရှိတဲ့ ထားဝယ်စီမံကိန်းအပါအ၀င် မကြာမီကာလတွေမှာ ဂျပန်လုပ်ငန်းရှင်တွေ မြန်မာမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် ထိုင်းဟာ အားပေးအားမြောက်ပြုနေပါတယ်။
မြန်မာဟာ အခြေခံအဆောက်အဦတွေ လျင်လျင်မြန်မြန်တိုးတက်အောင် လုပ်ဆောင်ဖို့ လိုအပ်နေတာကြောင့် ရင်းနှီးမြှုပ်နှံမယ့် အစီအစဉ်တွေက ခုထိတော့ ရှင်းရှင်းလင်းလင်းမရှိသေးပါဘူး။ ဒါပေမယ့် မြန်မာဟာ ဂျပန်စီးပွားရေးသမားတွေ အနာဂတ်ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့ စိတ်ဝင်စားစရာ အကောင်းဆုံး နိုင်ငံတစ်ခုပါပဲ လို့ မက်ဆုရှီတာက ပြောပါတယ်။
ဒီစီးပွားရေးအဖွဲ့ကိုယ်စားလှယ်တွေဟာ ဒီအပတ်ထဲမှာပဲ စီးပွားရေး အခွင့်အလမ်းတွေ ရှာဖွေဖို့ ရန်ကုန်နဲ့ နေပြည်တော်ကို ရောက်ခဲ့ပါသေးတယ်။ သူတို့အဖွဲ့ဟာ ဂျပန်မှာတော့ အင်အားအကြီးဆုံးလုပ်ငန်းရှင်တွေဖြစ်ပါတယ်။
မြန်မာမှာ စီးပွားရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ အခွင့်အလမ်းတွေ အများကြီး မျှော်မှန်းထားပြီး အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့လည်း နီးကပ်စွာပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်လို့လည်း မက်ဆုရှီတာက ပြောပါတယ်။
စက်မှုလုပ်ငန်း နဲ့ ရင်းနှီးမြှုပ်နှံမှု အရွယ်အစားမျိုးစုံအတွက် အခွင့်အလမ်းတွေ ရှိနေပေမယ့် လက်ရှိ အဓိကစိတ်ဝင်စားစရာကောင်းတာကတော့ အခြေခံအဆောက်အဦဖွံ့ဖြိုးရေးမှာ ရင်းနှီးမြှုပ်နှံဖို့ ဖြစ်ပါတယ်။
မက်ဆုရှီတာ ထပ်ပေါင်းပြောဆိုတာကတော့ ထိုင်းအစိုးရဟာ ပြီးခဲ့တဲ့ နှစ် ရေကြီးမှုဖြစ်ပြီးတဲ့ အခါမှာ စက်မှုလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးဖို့ အတွက် တော်တော်ကြီးကို အားစိုက်ကြိုးပမ်းခဲ့တယ်။ ဒါ့ကြောင့် ဂျပန်လုပ်ငန်းရှင်တွေဟာ ထိုင်းမှာ ရင်းနှီးမြှုပ်နှံဖို့ အတွက် ယုံကြည်မှု ရှိနေဆဲပါလို့ ပြောဆိုခဲ့ပါတယ်။
ထိုင်းနိုင်ငံ ကုန်သွယ်ရေးဌာနရဲ့ ညွှန်ချုပ်ပြောတာကတော့ ထိုင်းနဲ့ ဂျပန် နီးကပ်တဲ့ ရင်းနှီးဆက်သွယ်မှုရှိတာကြောင့် ဂျပန်ဟာ ထိုင်းနိုင်ငံကို မြန်မာမှာသာမက အာဆီယံမှာပါ ရင်းနှီးမြှုပ်နှံရာမှာ ၀င်ပေါက်အဖြစ်ရှုမြင်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။
Ref; The Nation
-----------------------------------------------------
The Nation September 8, 2012 1:00 am
ကန်ချနပူရီမှာ ရှိတဲ့ ခရီးသွားလုပ်ငန်းတိုးတက်ရေးဆိုင်ရာအဖွဲ့အစည်းက မြန်မာဘက်မှာ အကောင်အထည်ဖော်နေတဲ့ ထားဝယ်မဟာစီမံကိန်းနဲ့ ဆက်စပ်နေတဲ့ ဒေသတစ်ခုအနေနဲ့ ခရီးသွားလုပ်ငန်းမှာ ပိုမိုငွေကြေးထည့် မြှုပ်နှံကြဖို့ နည်းလမ်းတွေ လုပ်ဆောင်နေကြပါပြီ။
ဒေသခံ ခရီးသွားလုပ်ငန်းလုပ်ဆောင်သူ (၁၀၀) ကျော်ပါဝင်တဲ့ အဖွဲ့ဟာ
ဒီအနောက်ပိုင်းဒေသ နယ်စပ်ဆက်စပ်မှုကနေ ခရီးသွားတွေကို ဖြတ်သွားဖြတ်လာ
လုပ်ရုံတင်မကဘဲ ညအိပ်ညနေရပ်နားဖို့ ဆွဲဆောင်ပြီး
အကျိုးအမြတ်ပိုမိုရရှိအောင်လုပ်ဖို့ စိတ်အားထက်သန်နေကြပါတယ်။
ဒီဒေသဟာ ခရီးသွားဆိုင်ရာ အထောက်အထားလုပ်ဆောင်ရာမှာ နဲ့ ထားဝယ်ခရီးတွေ စီမံရာမှာ အဓိက ကျတဲ့ အခန်းကဏ္ဍကနေ ရှိနေဖို့ မျှော်လင့်နေတာပါ။
ဒီခရီးသွားလုပ်ငန်းရှင်အဖွဲ့ရဲ့ ဥက္ကဌဖြစ်တဲ့ ဆုံဝပ်ကတော့ “ဒီလို လုပ်ဆောင်ဖို့ အချိန်အခါကောင်းပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ခုလက်ရှိအနေနဲ့ ထားဝယ်မှာဆိုရင် ခရီးသည်တွေ အတွက် အဓိကအခြေခံကျတဲ့ အခန်း နဲ့ အစားသောက်တွေဟာ ခရီးသွားလုပ်ငန်းလုပ်ဆောင်ဖို့အတွက် အဆင်မပြေနိုင်သေးပါဘူး။ ထားဝယ်ဘက်မှာ ဒီလို အခြေခံ အဆောက်အဦဖွံ့ဖြိုးဖို့ ဆိုရင် အနည်းဆုံး နောက် (၅) နှစ်တော့ အချိန်ယူရပါမယ်” လို့ ပြောပါတယ်။
ထိုင်းခရီးသွားအာဏာပိုင်အဖွဲ့ ကန်ချနပူရီခရိုင်ရုံးက ညွှန်ကြားရေးမှူးကတော့ “လက်ရှိအနေနဲ့ ဒီဒေသမှာ အခန်းပေါင်း တစ်သောင်းကျော်ရှိပါတယ်။ အဲ့ဒီ အထဲအမှာ ဆယ်ရာခိုင်နှုန်းလောက်ကပဲ ကြယ် (၄) ပွင့် နဲ့ ကြယ် (၅) အဆင့် ဟိုတယ်တွေ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်က ဒီဒေသကို ခရီးသွား (၇) သန်းလောက်လာပါတယ်။ သူတို့ထဲက (၅) သန်းလောက်က ထိုင်းတွေပဲ ဖြစ်ပါတယ်။ အဓိကနိုင်ငံခြားသား ခရီးသွားသည်တွေကတော့ ရေပူစမ်းတွေကို နှစ်သက်တဲ့ ရုရှတွေ၊ ဂေါက်ဖ်ရိုက်တဲ့ တောင်ကိုရီးယားတွေပဲ ဖြစ်ပါတယ်။ အနာဂတ်မှာတော့ ထားဝယ်စီမံကိန်းမှာ ပါဝင်ပတ်သတ်တဲ့လုပ်ငန်းရှင်ခရီးသွားတွေ ဒီဒေသကို ပိုမိုလာရောက်ဖို့ မျှော်မှန်းရပါတယ်။ ဒီအထဲမှာ တရုတ်နိုင်ငံသားတွေလည်း အပါအ၀င်ပေါ့ လို့ သူက ဆက်ပြောပါတယ်။
အနာဂတ်မှာ အထူးသဖြင့် အာဆီယံ စီးပွားရေ အသိုင်းအ၀ိုင်း (AEC) စတင်လုပ်ဆောင်မယ့် ၂၀၁၅ ဆိုရင် ဒီဒေသမှာအခန်းတွေ ပိုမိုများပြားလာမှာပါ လို့လဲ ပြောပါတယ်။
ဒါပေမယ့် ဒီဒေသဟာ အာဆီယံ နဲ့ ထားဝယ်ကနေ အကျိုးအမြတ်ရမရ မသေချာတာရယ် ၊ ဒေသဈေးကွက် တည်ငြိမ်မှုရှိမရှိ မသေချာတာရယ် တို့ ကြောင့် ခရီးသွားလုပ်ငန်းရှင်တွေဟာ ငွေကြေးတွေ ပိုအော မြှုပ်နှံဖို့တော့ မ၀ံ့မရဲဖြစ်နေကြပါတယ်။
တချို့ အလယ်အလတ်တန်းစား ဟိုတယ်တွေတော့ တည်ဆောက်ကြမှာပါ။ ဒေသခံ ရင်းနှီးမြှုပ်နှံသူတစ်ဦးကတော့ များများစားစား သုံးနိုင်ဖြုန်းနိုင်တဲ့ ဧည့်သည်တွေ အတွက် ဘတ် သန်း(၂၀၀) နဲ့ (၃၀၀) ကြားကုန်ကျမယ့် ဟိုတယ်တစ်ခုကို တည်ဆောက်မှာ ဖြစ်ပါတယ်။ ဒီဟိုတယ်ဆောက်လုပ်ပြီးရင် အခန်းခအနေနဲ့ တစ်ညကို ဘတ် (၈၀၀၀) ကနေ ဘတ်(၁၀၀၀၀) အထိ ရှိတဲ့ အခန်းပေါင်း (၆၀) နဲ့ လည်ပတ်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။
ခုလက်ရှိတော့ ဒီဒေသမှာ အလယ်အလတ်တန်းစား ခရီးသွားတွေပဲ များပါတယ်။ ပျမ်းမျှ အခန်းခတွေကတော့ ဘတ်(၁၆၀၀) ကနေ ဘတ်(၁၈၀၀) ကြားတွေ ဖြစ်ပါတယ်။
ခရီးသွားအဖွဲ့ရဲ့ ဥက္ကဌကတော့ ဒီဒေသမှာ ရေရှည်တည်တံ့မယ့် ခရီးသွားလုပ်ငန်း အထူးသဖြင့် သဘာဝအခြေခံခရီးသွားလုပ်ငန်း (Eco-tourism) ကိုပဲ အဓိကထားဖို့ ဆန္ဒရှိနေပါတယ်။
သူ့ဒေသကို မယ်ဟောင်ဆောင်ခရိုင်က တောင်ပေါ်မြို့ကလေးဖြစ်တဲ့ ပိုင်မြို့(Pai) ရဲ့ အောင်မြင်တဲ့ ပုံပြင်ဇာတ်လမ်းနောက်ကို လိုက်မလုပ်စေချင်ပါဘူး။
“ ကန်ချနပူရီကို သဘာဝအလှ၊ သမိုင်းဆိုင်ရာ၊ ဒေသခံတွေရဲ့ ရိုးရာနေထိုင်မှုပုံစံ စတာတွေရဲ့ ကိုယ်ပိုင်အမှတ်လက္ခ္ခဏာဒေသအဖြစ် ဆက်လက် ထိန်းသိမ်းရမှာ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
Ref; The Nation
THE NATION October 13, 2012 1:00 am
ဂျပန်လုပ်ငန်းရှင်တွေဟာ ထွန်းသစ်စ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတွေ တိုးချဲ့လုပ်ဆောင်ဖို့ရာ ထိုင်းနိုင်ငံကို ၀င်ပေါက်တစ်ခုအနေနဲ့ မျှော်မှန်းကြပြီး ထိုင်းနိုင်ငံရဲ့ထားဝယ်စီမံကိန်းနဲ့ နှစ်နိုင်ငံနယ်စပ်လမ်းပန်းဆက်သွယ်ရေး တိုးတက်အောင်လုပ်ဆောင်မှုတွေအတွက် ချီးကျူးလိုက်ပါတယ်။
![]() |
Photo- www.daweidevelopment.com |
ထိုင်းနိုင်ငံက အနီးကပ်ပါဝင်ဆောင်ရွက်နေတဲ့ နယ်စပ်အနီးမှာ ရှိတဲ့ ထားဝယ်စီမံကိန်းအပါအ၀င် မကြာမီကာလတွေမှာ ဂျပန်လုပ်ငန်းရှင်တွေ မြန်မာမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် ထိုင်းဟာ အားပေးအားမြောက်ပြုနေပါတယ်။
မြန်မာဟာ အခြေခံအဆောက်အဦတွေ လျင်လျင်မြန်မြန်တိုးတက်အောင် လုပ်ဆောင်ဖို့ လိုအပ်နေတာကြောင့် ရင်းနှီးမြှုပ်နှံမယ့် အစီအစဉ်တွေက ခုထိတော့ ရှင်းရှင်းလင်းလင်းမရှိသေးပါဘူး။ ဒါပေမယ့် မြန်မာဟာ ဂျပန်စီးပွားရေးသမားတွေ အနာဂတ်ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့ စိတ်ဝင်စားစရာ အကောင်းဆုံး နိုင်ငံတစ်ခုပါပဲ လို့ မက်ဆုရှီတာက ပြောပါတယ်။
ဒီစီးပွားရေးအဖွဲ့ကိုယ်စားလှယ်တွေဟာ ဒီအပတ်ထဲမှာပဲ စီးပွားရေး အခွင့်အလမ်းတွေ ရှာဖွေဖို့ ရန်ကုန်နဲ့ နေပြည်တော်ကို ရောက်ခဲ့ပါသေးတယ်။ သူတို့အဖွဲ့ဟာ ဂျပန်မှာတော့ အင်အားအကြီးဆုံးလုပ်ငန်းရှင်တွေဖြစ်ပါတယ်။
မြန်မာမှာ စီးပွားရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ အခွင့်အလမ်းတွေ အများကြီး မျှော်မှန်းထားပြီး အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့လည်း နီးကပ်စွာပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်လို့လည်း မက်ဆုရှီတာက ပြောပါတယ်။
စက်မှုလုပ်ငန်း နဲ့ ရင်းနှီးမြှုပ်နှံမှု အရွယ်အစားမျိုးစုံအတွက် အခွင့်အလမ်းတွေ ရှိနေပေမယ့် လက်ရှိ အဓိကစိတ်ဝင်စားစရာကောင်းတာကတော့ အခြေခံအဆောက်အဦဖွံ့ဖြိုးရေးမှာ ရင်းနှီးမြှုပ်နှံဖို့ ဖြစ်ပါတယ်။
မက်ဆုရှီတာ ထပ်ပေါင်းပြောဆိုတာကတော့ ထိုင်းအစိုးရဟာ ပြီးခဲ့တဲ့ နှစ် ရေကြီးမှုဖြစ်ပြီးတဲ့ အခါမှာ စက်မှုလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးဖို့ အတွက် တော်တော်ကြီးကို အားစိုက်ကြိုးပမ်းခဲ့တယ်။ ဒါ့ကြောင့် ဂျပန်လုပ်ငန်းရှင်တွေဟာ ထိုင်းမှာ ရင်းနှီးမြှုပ်နှံဖို့ အတွက် ယုံကြည်မှု ရှိနေဆဲပါလို့ ပြောဆိုခဲ့ပါတယ်။
ထိုင်းနိုင်ငံ ကုန်သွယ်ရေးဌာနရဲ့ ညွှန်ချုပ်ပြောတာကတော့ ထိုင်းနဲ့ ဂျပန် နီးကပ်တဲ့ ရင်းနှီးဆက်သွယ်မှုရှိတာကြောင့် ဂျပန်ဟာ ထိုင်းနိုင်ငံကို မြန်မာမှာသာမက အာဆီယံမှာပါ ရင်းနှီးမြှုပ်နှံရာမှာ ၀င်ပေါက်အဖြစ်ရှုမြင်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။
Ref; The Nation
-----------------------------------------------------
The Nation September 8, 2012 1:00 am
ကန်ချနပူရီမှာ ရှိတဲ့ ခရီးသွားလုပ်ငန်းတိုးတက်ရေးဆိုင်ရာအဖွဲ့အစည်းက မြန်မာဘက်မှာ အကောင်အထည်ဖော်နေတဲ့ ထားဝယ်မဟာစီမံကိန်းနဲ့ ဆက်စပ်နေတဲ့ ဒေသတစ်ခုအနေနဲ့ ခရီးသွားလုပ်ငန်းမှာ ပိုမိုငွေကြေးထည့် မြှုပ်နှံကြဖို့ နည်းလမ်းတွေ လုပ်ဆောင်နေကြပါပြီ။
![]() |
Photo- www.daweidevelopment.com |
ဒီဒေသဟာ ခရီးသွားဆိုင်ရာ အထောက်အထားလုပ်ဆောင်ရာမှာ နဲ့ ထားဝယ်ခရီးတွေ စီမံရာမှာ အဓိက ကျတဲ့ အခန်းကဏ္ဍကနေ ရှိနေဖို့ မျှော်လင့်နေတာပါ။
ဒီခရီးသွားလုပ်ငန်းရှင်အဖွဲ့ရဲ့ ဥက္ကဌဖြစ်တဲ့ ဆုံဝပ်ကတော့ “ဒီလို လုပ်ဆောင်ဖို့ အချိန်အခါကောင်းပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ခုလက်ရှိအနေနဲ့ ထားဝယ်မှာဆိုရင် ခရီးသည်တွေ အတွက် အဓိကအခြေခံကျတဲ့ အခန်း နဲ့ အစားသောက်တွေဟာ ခရီးသွားလုပ်ငန်းလုပ်ဆောင်ဖို့အတွက် အဆင်မပြေနိုင်သေးပါဘူး။ ထားဝယ်ဘက်မှာ ဒီလို အခြေခံ အဆောက်အဦဖွံ့ဖြိုးဖို့ ဆိုရင် အနည်းဆုံး နောက် (၅) နှစ်တော့ အချိန်ယူရပါမယ်” လို့ ပြောပါတယ်။
ထိုင်းခရီးသွားအာဏာပိုင်အဖွဲ့ ကန်ချနပူရီခရိုင်ရုံးက ညွှန်ကြားရေးမှူးကတော့ “လက်ရှိအနေနဲ့ ဒီဒေသမှာ အခန်းပေါင်း တစ်သောင်းကျော်ရှိပါတယ်။ အဲ့ဒီ အထဲအမှာ ဆယ်ရာခိုင်နှုန်းလောက်ကပဲ ကြယ် (၄) ပွင့် နဲ့ ကြယ် (၅) အဆင့် ဟိုတယ်တွေ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်က ဒီဒေသကို ခရီးသွား (၇) သန်းလောက်လာပါတယ်။ သူတို့ထဲက (၅) သန်းလောက်က ထိုင်းတွေပဲ ဖြစ်ပါတယ်။ အဓိကနိုင်ငံခြားသား ခရီးသွားသည်တွေကတော့ ရေပူစမ်းတွေကို နှစ်သက်တဲ့ ရုရှတွေ၊ ဂေါက်ဖ်ရိုက်တဲ့ တောင်ကိုရီးယားတွေပဲ ဖြစ်ပါတယ်။ အနာဂတ်မှာတော့ ထားဝယ်စီမံကိန်းမှာ ပါဝင်ပတ်သတ်တဲ့လုပ်ငန်းရှင်ခရီးသွားတွေ ဒီဒေသကို ပိုမိုလာရောက်ဖို့ မျှော်မှန်းရပါတယ်။ ဒီအထဲမှာ တရုတ်နိုင်ငံသားတွေလည်း အပါအ၀င်ပေါ့ လို့ သူက ဆက်ပြောပါတယ်။
အနာဂတ်မှာ အထူးသဖြင့် အာဆီယံ စီးပွားရေ အသိုင်းအ၀ိုင်း (AEC) စတင်လုပ်ဆောင်မယ့် ၂၀၁၅ ဆိုရင် ဒီဒေသမှာအခန်းတွေ ပိုမိုများပြားလာမှာပါ လို့လဲ ပြောပါတယ်။
ဒါပေမယ့် ဒီဒေသဟာ အာဆီယံ နဲ့ ထားဝယ်ကနေ အကျိုးအမြတ်ရမရ မသေချာတာရယ် ၊ ဒေသဈေးကွက် တည်ငြိမ်မှုရှိမရှိ မသေချာတာရယ် တို့ ကြောင့် ခရီးသွားလုပ်ငန်းရှင်တွေဟာ ငွေကြေးတွေ ပိုအော မြှုပ်နှံဖို့တော့ မ၀ံ့မရဲဖြစ်နေကြပါတယ်။
တချို့ အလယ်အလတ်တန်းစား ဟိုတယ်တွေတော့ တည်ဆောက်ကြမှာပါ။ ဒေသခံ ရင်းနှီးမြှုပ်နှံသူတစ်ဦးကတော့ များများစားစား သုံးနိုင်ဖြုန်းနိုင်တဲ့ ဧည့်သည်တွေ အတွက် ဘတ် သန်း(၂၀၀) နဲ့ (၃၀၀) ကြားကုန်ကျမယ့် ဟိုတယ်တစ်ခုကို တည်ဆောက်မှာ ဖြစ်ပါတယ်။ ဒီဟိုတယ်ဆောက်လုပ်ပြီးရင် အခန်းခအနေနဲ့ တစ်ညကို ဘတ် (၈၀၀၀) ကနေ ဘတ်(၁၀၀၀၀) အထိ ရှိတဲ့ အခန်းပေါင်း (၆၀) နဲ့ လည်ပတ်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။
ခုလက်ရှိတော့ ဒီဒေသမှာ အလယ်အလတ်တန်းစား ခရီးသွားတွေပဲ များပါတယ်။ ပျမ်းမျှ အခန်းခတွေကတော့ ဘတ်(၁၆၀၀) ကနေ ဘတ်(၁၈၀၀) ကြားတွေ ဖြစ်ပါတယ်။
ခရီးသွားအဖွဲ့ရဲ့ ဥက္ကဌကတော့ ဒီဒေသမှာ ရေရှည်တည်တံ့မယ့် ခရီးသွားလုပ်ငန်း အထူးသဖြင့် သဘာဝအခြေခံခရီးသွားလုပ်ငန်း (Eco-tourism) ကိုပဲ အဓိကထားဖို့ ဆန္ဒရှိနေပါတယ်။
သူ့ဒေသကို မယ်ဟောင်ဆောင်ခရိုင်က တောင်ပေါ်မြို့ကလေးဖြစ်တဲ့ ပိုင်မြို့(Pai) ရဲ့ အောင်မြင်တဲ့ ပုံပြင်ဇာတ်လမ်းနောက်ကို လိုက်မလုပ်စေချင်ပါဘူး။
“ ကန်ချနပူရီကို သဘာဝအလှ၊ သမိုင်းဆိုင်ရာ၊ ဒေသခံတွေရဲ့ ရိုးရာနေထိုင်မှုပုံစံ စတာတွေရဲ့ ကိုယ်ပိုင်အမှတ်လက္ခ္ခဏာဒေသအဖြစ် ဆက်လက် ထိန်းသိမ်းရမှာ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
Ref; The Nation
No comments:
Post a Comment