Sunday, October 21, 2012

လက်ပံတောင်းတောင် အရေးအခင်းနဲ့ ပတ်သတ်သမျှ ပြောကြဆိုကြ

ဒီတစ်ပုဒ်ကတော့ လက်ပံတောင်းတောင် ကိစ္စနဲ့ ပတ်သတ်လို့  မတူညီတဲ့ ပါဝင်ပတ်သတ်သူတွေက မတူညီတဲ့ရှုထောင့် အသီးသီးက ပြောပြဆိုကြတာတွေကို သတင်းဌာနများကနေ ထုတ်နုတ်စုစည်းထားတာတွေ ဖြစ်ပါတယ်။

“ငယ်ငယ်က ပထ၀ီထဲမှာသင်ခဲ့ရတဲ့ စပယ်တောင်ဟာ မရှိတော့ပါဘူး။ ပထ၀ီထဲကစပယ်တောင်ဟာ သမိုင်းထဲမှာ ကျန်ခဲ့ပြီ။” ( Facebooker တစ်ဦး)

လက်ပံတောင်းတောင် ကြေးနီသတ္ထုတွင်းနှင့်ပတ်သက်၍ ခွင့်ပြုသည့်ရက်စွဲမှာ သတ္ထုအကြီး စားတူးဖော်ထုတ်လုပ်မှုအတွက် ခွင့်ပြုမိန့် ၅/၃/၂၀၁၀နှင့် နိုင်ငံသား ရင်းနီးမြုပ်နှံမှုဆိုင်ရာ ခွင့်ပြုမိန့်မှာ ၅/၅/၂၀၁၀ ဖြစ်ပြီး သက်တမ်းကာလမှာ ၂၈ နှစ်ဖြစ်ကြောင်း၊ ခွင့်ပြုသည့်ဧရိယာမှာ ၇၈၆၇.၇၈ ဧကဖြစ်ကြောင်းလည်း သိရသည်။
(http://www.first-11.com/index.php?option=com_content&view=article&id=15716:2012-09-26-17-46-41&catid=42:2009-11-10-07-36-59&Itemid=112)

“နိုင်ငံခြားကနေ လာပြီးတော့ ရင်းနှီးမြှုပ်နှံတယ် ဆိုရင် ကျနော်တို့က မူဝါဒ ပေးထားပါတယ်။ တစ်အချက်ကတော့ ကိုယ့်နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို မထိခိုက်စေရဘူး။ နှစ်အချက်ကတော့ ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာကို မထိခိုက်စေရဘူး။ ဥပမာ - အနောက်နိုင်ငံတွေကနေ လာပြီးတော့ လက်ဝါးကြီး အုပ်သွားတာ၊ တရုတ်ကပဲ လာပြီးတော့ စီးပွားရေး လုပ်ငန်းတွေမှာ လက်ဝါးကြီး အုပ်သွားတာ ဆိုရင် နိုင်ငံလည်း သိက္ခာကျတယ်လေ။ အဲဒီတော့ ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာလည်း မထိခိုက်စေရဘူး။ နောက်တခုကတော့ အချုပ်အခြာ အာဏာပေါ့။ အဲဒီတော့ အချုပ်အချာအာဏာ ဆိုတော့ နိုင်ငံရေးသမားနဲ့ စီးပွားရေးသမားဟာ သိပ်ပြီးတော့ အချိတ်အဆက် လုပ်ပြီးတော့မှ လှုပ်ရှားရတဲ့သဘော ရှိပါတယ်။ ဥပမာ - နိုင်ငံရေးသမားကလည်း မဲရွေးဖို့ဆိုရင် စီးပွားရေးသမားဆီက လိုတဲ့ငွေကို အလှူခံရတာတွေ၊ လက်ခံရတာတွေ၊ ဒါတွေ ရှိတာပေါ့။ ဒါမှမဟုတ်ရင် နိုင်ငံရေးသမား အာဏာရတဲ့အခါမှာလည်း စီးပွားရေးသမားကို ပြန်ပြီးတော့ နေရာပေးရတာတွေလည်း ရှိတာပေါ့။ သို့သော်လည်း ဒီဟာတွေက သိပ်ပြီးတော့ ထဲထဲဝင်ဝင်နဲ့ သိပ်ပြီးတော့ များလာလို့ရှိရင် စီးပွားရေးသမားက အချုပ်အချာ အာဏာမှာလာပြီးတော့ ချုပ်ကိုင်တဲ့ သဘောမျိုးတွေ သက်ရောက်နိုင်တယ်။ ဒါကြောင့်မိုလို့ အချုပ်အချာအာဏာကိုတော့ မထိခိုက်စေ ရဘူး။ နောက်တခုကတော့ သဘာဝပတ်ဝန်းကျင်ကို ကျနော်တို့ မပျက်ယွင်း စေရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရှိသမျှ အကုန်ထုတ်ယူပြီးတော့ အကုန်လုပ်သွားလို့တော့ မဖြစ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ သားစဉ်မြေးဆက် ချန်ထားခဲ့ရဦးမှာ။ ဒါကြောင့်မိုလို့ ရင်းနှီးမြှုပ်နှံမှု အပိုင်းနဲ့ ပတ်သက်ပြီးတော့ လာပြီးတော့ ဒီလို ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် ကိုယ့်တိုင်းရင်းသားရဲ့ အကျိုးစီးပွားကို ထိခိုက်စရာ အကြောင်းမရှိပါဘူး။ ကျနော်တို့ ဒါကို အကာအကွယ် ပေးထားပါတယ်။ နောက်တခုကလည်း investment law နဲ့လည်း အကာအကွယ် ပေးထားတယ်။” ( နိုင်ငံတော် သမ္မတ ဦးသိန်းစိန်)
 (http://burmese.voanews.com/content/thein-sein-voa-09-29-12/1517536.html)

 “မြစ်ဆုံလိုတော့ မဟုတ်ပါဘူး။ ကျွန်တော် သူတို့ကို နည်းလမ်းတစ်ခု ပေးထားတာကတော့ ကောင်းပြီ ရွှေ့ချင်တဲ့ သူတွေက ဟိုဘက်ကို ရွှေ့ကုန်ပြီ။ မရွှေ့ချင်တဲ့ သူတွေကိုတော့ ခုနလို သူတို့ကို ခုနလို ဧရိယာလေး သတ်မှတ်ပေးပြီး လက်ရှိအတိုင်းပဲ နေပါစေ။ ဆိုပြီးတော့ ဒီအတိုင်းပဲတော့ ကျွန်တော်မှာခဲ့တယ်။ အဲ့တော့ နောက်ဆက်တွဲတော့ ဘယ်လို ပြေလည်မလဲ မပြေလည်မလဲ ဆိုတာတော့ ကျွန်တော်လည်း မသိသေးဘူး ခုနက။ ရွှေ့ပေးချင်တဲ့ လူတွေ ရွှေ့ချင်တဲ့  သူတွေတော့ ရွှေ့သွားကြပြီ။ တချို့လဲ မရွှေ့ချင်လို့ ရွာလေး (၃) ရွာတော့ ကျန်နေတယ်။ အဲ့ဒိ သုံးရွာထဲက သည်ပင်လျှင် တရွာထဲက တ၀က်ကျော်ကျော်လောက်က ရွှေ့ပြီး တ၀က်လောက်က ကျန်နေတယ်။ ဒါလေးတွေကလဲ နောက်မှာလဲ ပယောဂတွေ ဘာတွေ ရှိတယ်ထင်တယ်။ ဒါတွေကတော့ သိပ်ပြောလို့လဲ မကောင်းဘူး။” ( နိုင်ငံတော် သမ္မတ ဦးသိန်းစိန်)
(http://www.youtube.com/watch?v=14PnRuHexxY&feature=player_embedded)


လက်နက်နဲ့ အာဏာယူခဲ့တဲ့ အရင်စစ်အစိုးရလက်ထက်မှာ ၂ ဦးသဘောတူကြိတ်ပြီး လက်မှတ်ရေးထိုးခဲ့တဲ့ သဘော တူစာချုပ်တွေကို မျက်စိမှိတ်ပြီး လက်ခံမှာမဟုတ်ဘူးလို့ စက်တင်ဘာလ ၃၀ ရက်နေ့ကလုပ်တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်တဲ့ဆွေးနွေးပွဲမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြား လိုက်ပါတယ်။
ဘိုးဘွားပိုင်မြေတွေကို ကြိုက်သလောက်ပေးပါဆိုပြီး လက်ညှိုးထိုးရောင်းခဲ့တာတွေ များနေပြီလို့ ကိုမင်းကိုနိုင်က မြန်မာပြည်ရဲ့ သံယံဇာတတွေကို စစ်အာဏာရှင်တွေ ရောင်းစားခဲ့တာနဲ့ ပတ်သက်ပြီး ဝေဖန်ပြော ဆိုလိုက်ပါတယ်။ စီမံကိန်းတွေလုပ်ရင် ပြည်သူ့အကျိုးအတွက် ဘယ်လောက်ရမှာပဲ၊ သဘာဝန်းကျင်တွေ ဘယ် လောက်ထိခိုက်မှာလဲ၊ နောက်မျိုးဆက်တွေအတွက် ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာမလဲဆိုတာတွေကို ပြည်သူလူထု အနေနဲ့ အခုကတည်းကစပြီး ပွင့်ပွင့်လင်းလင်း လေ့လာဖို့ တိုက်တွန်းသွားပါတယ်။
ကိုမင်းကိုနိုင် ပြောစကား
(https://www.facebook.com/DVBTVNews/posts/449729025065603)

ကြေးနီစီမံကိန်းနှစ်ခုလုံးတွင်ရေနှင့်မြေစစ်ဆေးမှုပြုလုပ်ခဲ့သော အစိမ်းရောင်ကွန်ယက်မှ ဒေါ်ဒေ၀ီသန့်စင်ကလည်း

"စိုက်ပျိုးလို့ရတဲ့မြေတွေအပေါ်မှာ ကြေးနီဓာတ်ပါဝင်မှုများတဲ့မြေတွေပုံနေတာကြာရှည်ဆိုရင် မြေဆီလွှာထိ ခိုက်ပျက်စီးနိုင်တယ်လို့

စစ်ဆေးတဲ့သူတွေကပြောပါတယ် လက်ရှိမှာလဲ စံပယ်တောင်ကြေးစင်တောင် စီမံကိန်းနားမှာရှိတဲ့ကံကုန်းရွာအရှေ့

အနောက်တောင်မြောက်မှာရှိတဲ့မြေအောက်ရေကိုစစ်ဆေးရာတွင်လဲ ရေတွေပျက်စီးပြီးသုံးလို့ မရတဲ့အဖြေတွေထွက်နေတယ်လို့

မန္တလေးကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်"ဟု ပြောသည်။
(https://www.facebook.com/7daynews/posts/421259594602347)

"ဒီပြဿနာ ဖြစ်မယ်ဆိုတာ လွန်ခဲ့တဲ့ တစ်နှစ် ခြောက်လ ကတည်းကတည်းက အမြဲပြောနေပါတယ်။ သို့သော်လည်း ဖြစ်တယ် . . .

"ပတ်ဝန်းကျင်ကို ကောင်းကောင်းထိန်းမယ်။ CSR (Corporate Social Responsibility) ကို ကောင်းကောင်းလုပ်ပေးရင် ဒေသခံတွေက ကုမ္ပဏီကို ခြေထောက်ဖက် ထားမှာပေါ့။

ကျွန်တော် ထင်တယ် Error ရှိတယ်"

ဦးစိုးသိန်း
ဥက္ကဋ္ဌ၊ မြန်မာ့ရင်းနှီးမြှပ်နှံမှု ကော်မရှင် (MIC)
ကြေးနီတောင် စီမံကိန်းနှင့် ပတ်သက်၍ ရည်ညွန်းပြောဆိုချက်
(နယူးယောက်မြို့တော်တွင် မြန်မာမိသားစုများနှင့် စက်တင်ဘာ ၂၉ ရက်နေ့ ကတွေ့ဆုံစဉ်ပြောကြားခဲ့ခြင်းဖြစ်သည်)
(https://www.facebook.com/thevoiceweekly/posts/473262906027307)

“နစ်နာဆုံးရှုံးမှုတွေက ဒီစီမံကိန်းစတည်းက ကျွန်မတို့ရွာတွေ အဖျက်စီးခံရတာတွေ၊ ဘုန်းကြီးကျောင်းချိတ်ပိတ်ခံရတာရယ်၊ ၂၀၁၁ ကလေးတွေရဲ့ ပညာသင်ကြားရေးမှာ ပညာသင်ကြားခွင့် လုံးဝမရရှိခဲ့တာရယ်၊ နောက်လယ်ယာမြေတွေ ဆုံးရှုံးမှုတွေ အပေါ်မှာ အများကြီးနစ်နာတာပေါ့။” ၀က်မှေးရွာသူ မသွဲ့သွဲ့ဝင်း
(http://soundcloud.com/burmeserfa/th4qwuxhch4d)

No comments:

Post a Comment