Sunday, October 21, 2012

ထားဝယ် သို့မဟုတ် ... : Development vs. Environment ? အပိုင်း (၈)

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ပြည်ထောင်စုအစိုးရအဖွဲ့မှ ၂၀၁၂  ခုနှစ် မတ်လအတွင်းက တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်း ရှိ ဧရိယာ အကျယ်အ၀န်း ၅၀၅၀၅ ဒသမ ၀၂၃၃ ဧကရှိသည့် နယ်မြေအား ထားဝယ်အထူးစီးပွားရေးဇုန် အဖြစ် သတ်မှတ်ပေးခဲ့သည်။
http://news-eleven.com/index.php?option=com_content&view=article&id=15502:2012-09-16-04-15-19&catid=99:2011-04-10-07-08-41&Itemid=174

            ထားဝယ်စီမံကိန်းမှာ ပါဝင်တဲ့ ရေနက်ဆိပ်ကမ်းဟာ ထိုင်းနိုင်ငံမှာ အကြီးဆုံးဆိပ်ကမ်းဖြစ်တဲ့ လန်ချဘန်ဆိပ်ကမ်းရဲ့ (၁၀) ဆ ရှိပြီး၊ စက်မှုဇုံကတော့ ထိုင်းနိုင်ငံက အကြီးဆုံးစက်မှုဇုံဖြစ်တဲ့မတ်တာဖွတ်ရဲ့လေးဆမျှ ကြီးကျယ်ပါတယ်။

             ထားဝယ်စီမံကိန်းတွင် ရေနက်ဆိပ်ကမ်း၊ စက်မှုဇုံ၊ တို့ ပါဝင်မှာ ဖြစ်ပြီး ထိုင်းနိုင်ငံနှင့် ဆက်သွယ်မည့် အဝေးပြေးကားလမ်း( ၈လမ်းသွား)၊ ရထားလမ်းတို့ နဲ့ အပြိုင်တွင် သဘာဝဓါတ်ငွေ့ပိုက်လိုင်းပါ သွယ်တန်းသွားမည် ဖြစ်ပါတယ်။


ထားဝယ်စီမံကိန်းရဲ့ လမ်းကြောင်းဆက်သွယ်နိုင်မယ့် အလားအလာ Picture-http://www.daweidevelopment.com/index.php/en/about-ddc/introduction
           
               လမ်းကြောင်းအနေနဲ့ အိမ်နီးချင်း တရုတ်၊ အိန္ဒိယ နဲ့ အရှေ့တောင်အာရှ ဒေသများနဲ့ ဆက်သွယ်သွားမှာ ဖြစ်ပါတယ်။ ဒီလိုဆက်သွယ်ပြီး အရှေ့အလယ်ပိုင်းနဲ့ အာဖရိကမှ တရုတ်နဲ့ ဂျပန်နိုင်ငံများကို ကုန်ပစ္စည်းများ သယ်ဆောင်လာတဲ့ ကုန်တင်သင်္ဘောတွေကို ကျဉ်းမြောင်းပြီး ကျပ်သိပ်တဲ့ မလက္ကာရေလက်ကြားကို ဖြတ်သန်းစရာမလိုအောင် လမ်းလွှဲပေးနိုင်မှာ ဖြစ်ပါတယ်။အဖွဲ့ဝင် (၁၀) နိုင်ငံပါဝင်တဲ့ အရှေ့တောင်အာရှ နိုင်ငံများ အသင်း (အာဆီယံ)က ၂၀၁၅ မှာ အကောင်အထည်ဖော်ဖို့ ရည်မှန်းထားတဲ့ ဘုံဈေးကွက်အတွက် ထားဝယ်ဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိလာလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။
http://www.daweidevelopment.com/index.php/en/dawei-project/project-overview-


ထားဝယ်စက်မှုဇုံတွင်
 (၁)ဆိပ်ကမ်း နဲ့ အကြီးစား စက်မှု
        သံမဏိစက်ရုံ၊ ဓါတ်မြေသြဇာစက်ရုံ၊ ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံ

(၂) ရေနံ နဲ့ ဓါတ်ငွေ့ စက်မှု
ရေနံချက်စက်ရုံ၊ ဓါတ်ငွေ့သိုသောင်ကန်နေရာ၊ ဓါတ်ငွေ့ သန့်စင်စက်ရုံ၊ ပေါင်းစပ်လည်ပတ်မည့် ဓါတ်အားပေးစက်ရုံ

 (၃) ရေနံဓါတုစက်ရုံရပ်ကွက်
ရေနံဓါတုစက်ရုံများ

 (၄) အလတ်စားစက်မှု
 ကားတာယာ၊ စက္ကူ၊ အလှဆင်ကျောက်ပြား၊ ရာဘာ၊ ကားပစ္စည်းတပ်ဆင် စက်ရုံ၊ စတီးပစ္စည်းစက်ရုံ

  (၅) အပေါ့စားစက်မှု

 အထည်ချုပ်စက်ရုံ၊ အလှကုန်ပစ္စည်း စက်ရုံ၊ ကွန်ပျူတာ အစိတ်အပိုင်းစက်ရုံ။ စားသောက်ကုန်ပြင်ဆင်ထုတ်ပိုးစက်ရုံ (Food Processing Plant)

 (၆) အာဏာပိုင် နဲ့ မြို့နယ်စင်တာ

  အာဏာပိုင်စင်တာ၊ မြို့နယ်နဲ့ စီးပွားရေး ရပ်ကွက်၊ One  Stop Services and Other Facilities

 (၇) ထောက်ပံ့ရေး ၊  မြို့နယ် လူမှုအဖွဲ့၊ စီးပွားရေး ဌာန

http://www.daweidevelopment.com/index.php/en/dawei-project/dawei-industrial-estate-


ကျောက်မီးသွေးစက်ရုံနဲ့ ပတ်သတ်သမျှ
Fri Sep 21, 2012

             ဒေသခံတွေရဲ့ တအုံအုံတနွေးနွေးဖြစ်နေတဲ့ ဒေါသရယ်၊  ကုမ္ပဏီဘက်က ရင်းနှီးထည့်ဝင်ရမယ့်ငွေကြေး မသေချာ မရေရာဖြစ်မှုတို့ကြောင့် လွန်ခဲ့တဲ့ လအနည်းငယ်က ဒီစီမံကိန်းဟာ ရပ်တန့်မလို ဖြစ်သွားခဲ့ပါသေးတယ်။ အများစုဟာ ဆင်းရဲတဲ့ လယ်သမားတွေ၊ သီဟိုခြံသမားတွေ၊ ရာဘာခြံသမားတွေ ဖြစ်ကြပြီး သက်ကယ်မိုး အိမ်ကလေးတွေနဲ့ နေနေကြတဲ့ ဒေသခံ (၃) သောင်း ခန့်ကို စီမံကိန်းဆောက်လုပ်တဲ့ (၁၀) နှစ်အတွင်းအပြီး ပြောင်းရွှေ့ခိုင်းမှာ ဖြစ်ပါတယ်။


                 ထိုင်းနိုင်ငံရဲ့ အကြီးဆုံး စက်မှုဇုံဖြစ်တဲ့ မတ်တာဖွတ်ရဲ့ လေးဆမျှရှိတဲ့ ဒီစီမံကိန်းရဲ့ ပတ်ဝန်းကျင် နဲ့ ကျန်းမာရေးဆိုင်ရာ အန္တရာယ်ဖြစ်လာမယ့် အလားအလာအတွက် ထားဝယ်ဒေသမှာ နေထိုင်ကြတဲ့ ဒေသခံတွေဟာ ပူပင်သောကများနေကြပါတယ်။ ထိုင်းနိုင်ငံက မတ်တာဖွတ်စက်မှုဇုံရဲ့ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေမှုကြောင့် (၁၉၉၆) ကနေ (၂၀၀၉) ခုနှစ်အတွင်း အနည်းဆုံးလူဦးရေ (၂၀၀၀) ဟာ ကင်ဆာနဲ့ ဆက်စပ်တဲ့ ရောဂါတွေနဲ့ သေဆုံးခဲ့ရတယ်လို့ ၂၀၀၉ ခုနှစ်က တရားစွဲဆိုလုပ်ဆောင်ခဲ့ကြတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေရဲ့အဆိုအရ ထားဝယ်ဒေသခံတွေဟာ သိနေကြတာဖြစ်ပါတယ်။


              ဒေသခံတွေရဲ့ စိုးရိမ်သောကကို အလေးထားတဲ့ အနေနဲ့ အစိုးရက (၄၀၀၀) မက်ဂါဝပ်ရှိတဲ့ ကျောက်မီးသွေးစက်ရုံဆောက်လုပ်မယ့် အစီအစဉ်ကို ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလမှာ ဖျက်သိမ်းခဲ့ပါတယ်။ ထိုစက်ရုံနေရာမှာ မက်ဂါဝပ် (၄၀၀) ထုတ်လုပ်မယ့် သန့်စင်တဲ့ ကျောက်မီးသွေးစက်ရုံကို အစားထိုးဆောက်လုပ်မှာ ဖြစ်ပါတယ်။ ဒီသန့်စင်တဲ့  ကျောက်မီးသွေးနည်းပညာကတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ တခြားအဆိပ်အတောက်ဖြစ်စေတဲ့ ထုတ်လွှင့်မှုတွေကို ထိန်းထားပြီး မြေအောက်ရဲ့နက်တဲ့နေရာမှာ ထားခြင်း သို့မဟုတ် ပိုက်လိုင်းဖြင့် သွယ်ပြီး ရေနံနဲ့ ဓါတ်ငွေ့ထွက်ရာနေရာတွေကို ပို့ဆောင်ခြင်း ပြုလုပ်မှာ ဖြစ်ပါတယ်။

          “သန့်စင်တဲ့ ကျောက်မီးသွေးနည်းပညာဆိုရင်တော့ ကျနော်တို့ ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ သမ္မတ ဦးသိန်းစိန် ဂျပန်ကို သွားရောက်စဉ်က J- Power Group မှာ ဒီနည်းပညာကို မြင်တွေ့ခဲ့ပြီးလည်း ဖြစ်ပါတယ်”လို့ ထားဝယ်အထူးစီးပွားရေးဇုန်တာဝန်ခံ ဦးသောင်းလွင်က ပြောပါတယ်။
http://uk.reuters.com/article/2012/09/21/uk-myanmar-thailand-dawei-idUKBRE88K0D720120921


 ထားဝယ်စီမံကိန်းနဲ့ ပတ်သတ်တဲ့နောက်ဆုံး သတင်းတချို့


            အီတာလျံ-ထိုင်းကုမ္ပဏီက ငွေကြေးထည့်ဝင်ဖို့ ခက်ခဲနေပါတယ်။ ဒါ့ကြောင့် အခုဆိုရင် ထိုင်းအစိုးရက စီမံကိန်းကို ပိုမိုထိထိရောက်ရောက် ပါဝင်နေရပါတယ်။ နောက်တဆင့်ကတော့ ဂျပန် ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်ဖို့ပဲ ဖြစ်ပါတယ်လို့ ဦးသောင်းလွင်က ပြောပါတယ်။


          ထိုင်းအစိုးရရဲ့ ကြားခံစီစဉ်ဆောင်ရွက်မှုဖြင့်  မြန်မာအစိုရ နဲ့အီတာလျံ-ထိုင်းကုမ္ပဏီ တို့ဟာ ထားဝယ်စီမံကိန်း နှစ် (၆၀) လုပ်ပိုင်ခွင့် အတွက် ၂၀၁၀ ခုနှစ် နိုဝင်ဘာလမှာ ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။ အီတာလျံ-ထိုင်းကုမ္ပဏီက ရှယ်ယာ (၅၁) ရာခိုင်နှုန်း၊ မြန်မာနိုင်ငံက လုပ်ငန်းရှင်ကြီး ဖြစ်တဲ့ ဦးဇော်ဇော်ရဲ့ မက်စ်မြန်မာဂရုက (၂၅) ရာခိုင်နှုန်းနဲ့ ကျန်တဲ့ ရှယ်ယာတွေကတော့ မြန်မာ အစိုးရက ထိန်းချုပ်မှာ ဖြစ်ပါတယ်။


            အီတာလျံ-ထိုင်းကုမ္ပဏီရဲ့ အဆိုအရ သူတို့ဟာ စီမံကိန်းရဲ့ ပထမအဆင့်မှာတော့ ရှယ်ယာ အများဆုံးပိုင်ဆိုင်နေဦးမှာ ဖြစ်ပါတယ်တဲ့။ ဒါပေမယ့် မြန်မာ၊ထိုင်း နဲ့ ဂျပန် အစိုရနဲ့ ကုမ္ပဏီတွေ ပူးပေါင်းတဲ့ အဖွဲ့ဖြစ်လာဖို့ ရှိနေပါတယ်။ “အဲ့အဖွဲ့မှာ ဂျပန်အစိုးရက တချို့ရှယ်ယာတွေကို ရယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မြန်မာ အစိုးရရဲ့ ရှယ်ယာတွေကို ဂျပန်ကို ပေးဖြစ်မှာပါ။ ဂျပန်အစိုးရက ပုဂ္ဂလိက အခန်းကဏ္ဍတိုးတက်အောင် ကူညီလုပ်ဆောင်မှာ ဖြစ်ပါတယ်” လို့ ဦးသောင်းလွင်က ပြောပါတယ်။


            သြဇာကြီးတဲ့ မြန်မာလုပ်ငန်းရှင် ဦးဇော်ဇော်ရဲ့ ရှယ်ယာတွေကို လျှော့ချမယ်လို့ ခန့်မှန်းမိပါတယ်။ ဒါပေမယ့် အကုန်လုံးက မြန်မာနဲ့ထိုင်းအစိုးရတို့  ယာယီသဘောတူထားတဲ့  အောက်တိုဘာလ တွေ့ကြတဲ့ အခါမှ အခြေအနေတွေအားလုံးကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်လို့ ထားဝယ်ဖွံဖြိုးရေး ကုမ္ပဏီ အကြီးအကဲ ဆွန်ဂျက် (Somjet) က ပြောပါတယ်။
http://uk.reuters.com/article/2012/09/21/uk-myanmar-thailand-dawei-idUKBRE88K0D720120921


စက်တင်ဘာ (၁၂) ရက် ဘန်ကောက်

                 ထားဝယ်စီမံကိန်းရဲ့ အဓိက ကန်ထရိုက်ဖြစ်တဲ့ အီတာလျံ-ထိုင်းကုမ္ပဏီဟာ သူ့ရဲ့ မူလ ရှယ်ယာ( ၅၁) ရာခိုင်းနှုန်းကနေ (၂၅) ရာခိုင်နှုန်းပဲထည့်ဝင်ဖို့ လျှော့ချလိုက်ကြောင်း ထားဝယ်ဖွံဖြိုးရေး ကုမ္ပဏီ က အတည်ပြုပြောကြားပါတယ်။
(ဒီသတင်းကတော့ ထားဝယ်ဒေသခံတွေရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အင်္ဂလိပ်လို ရေးထားတာတွေ့တာပါ။ သတင်းကို ရှာကြည့်တော့ တခြားသတင်းဌာနတွေမှာ မတွေ့ပါဘူး။ အတည်ပြုဖို့တော့ သိပ်မသေချာသေးပါဘူး။)
https://www.facebook.com/DaweiWatch/posts/221095678018618


စက်တင်ဘာ (၁၈) နဲ့ (၂၀) ရက်နေ့က ဒေသခံတွေ ဆန္ဒပြခဲ့ကြပါတယ်။

               စက်တင်ဘာလ (၁၈) ၂၀၁၂ ခုနှစ်တွင် ထားဝယ်စီမံကိန်းအတွက် ရေကာတာဆောက်လုပ်မည့် ကလုံးထာကျေးရွာတွင်
သမ္မတကြီး ပြောကြားခဲ့သော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒလေးချက်ဖြစ်သော

- မြန်မာနိုင်ငံသူ နိုင်ငံသားတို့ အကျိုးစီးပွားကို ကာကွယ်ရန်

- နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ကာကွယ်ရန်

- နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကာကွယ်ရန်

- သဘာဝပါတ်ဝန်းကျင်ကို မထိခိုက်သော ရင်းနှီးမြုပ်နှံမှုကို သာခွင့်ပြုရန်

ကို ဆိုင်းဘုတ်စိုက်ထူခဲ့ပါသည်။

၂၀၁၂ စက်တင်ဘာလ(၂၀) နေ့က ထားဝယ်ဒေသ သပြုချောင်းကျေးရွာသားတွေ စိုက်ထူခဲ့တဲ့ ဆိုင်းဘုတ် Photo Credit-https://www.facebook.com/photo.php?fbid=502353926461285&set=a.502324523130892.130390.324514247578588&type=1&theater

           ၂၀၁၂ စက်တင်ဘာလ(၂၀) နေ့ကလည်း  ထားဝယ်ဒေသ သပြုချောင်းကျေးရွာ၊ နောက်ထပ် မတ္တာပွတ် စက်မှုဇုန်မျိုး နောက်တစ်ခု မလိုကြောင်း ဆိုင်းဘုတ်စိုက်ထူ ၀တ်ပြုဆုတောင်းပွဲသို့ ကျင်းပခဲ့ကြပြီး

“ Stop Building Another Map Ta Phut in Dawei”
 “ထားဝယ်မှာ မတ္တာပွတ်ထပ်ဆောက်တာရပ်”

ဟု ရေးသားထားသော ဆိုင်းဘုတ်ကို ဒေသများက ထားဝယ်ရေနက်ဆိပ်ကမ်းမှ ထိုင်းနိုင်ငံသို့ ဖောက်လုပ်ထားသော ကားလမ်းမ နံဘေးတွင် စိုက်ထူခဲ့သည်။

https://www.facebook.com/media/set/?set=a.502324523130892.130390.324514247578588&type=1


          ဖတ်ပေးတဲ့ သူတွေကို ကျေးဇူးအထူးတင်ရှိပါကြောင်း။      

  (ထိုင်းနိုင်ငံ ကန်ချနဘူရီဒေသမှာ ထားဝယ်စီမံကိန်းကို မှီပြီး ခရီးသွားလုပ်ငန်းလုပ်ဖို့ ပြင်ဆင်နေတဲ့ အကြောင်းကို နောက်အလျင်းသင့်လျှင် ဖော်ပြပါဦးမည်။)

No comments:

Post a Comment